ရက္ခိတသဇင်(ပီနန်)ရခိုင်လူငယ်အသင်း!

ရက္ခိုင့်တပ်မတော် “ဘတ်’’ တံဆိပ်၏အဓိပ္ပာယ်

ရက္ခိုင့်တပ်မတော် “ဘတ်’’ တံဆိပ်သည် ရက္ခိုင့်အောင်လံတော်ပေါ်တွင် အခြီခံထားသည်။ ရက္ခိုင့်တပ်မတော် ဘတ်တံဆိပ်သည် အလျား( )စင်တီမီတာ၊ အနံ( )စင်တီမီတာဟိသော ဘဲဥပုံအဝိုင်းဖြစ်သည်။ အတွင်းဘက် စက်ဝန်းသည် အပြာရောင်ဖြစ်ပြီး ငြိမ်းချမ်းခြင်း၊ အီးချမ်းခြင်း၊ တည်ကြည်လီးနက်ခြင်းဟူသော အဓိပ္ပာယ်ရပြီး ရက္ခိုင်ရိုးမတောင်တန်းနန့် ရက္ခိုင်ပင်လယ်ပြင်ရို့ကို ကိုယ်စားပြုသည်။ အနီရောင်မှာ ရက္ခိုင်ရို့၏ ကြီးကျယ် ခမ်းနားမှု၊ မျိုးချစ်စိတ် ထက်သန်မှုရို့ကို ဖော်ဆောင် နီသည်။
ဘတ်တံဆိပ်၏ အတွင်းဘက်စက်ဝန်း၊အလယ်ဗဟိုတည့်တည့်တွင်ခုနှစ်ထောင့်အနီရောင်ကြယ်နီတွင်ပါဝင် သည်။ ကြယ်နီတွင်ပါဝင်သော ထောင့်ခုနှစ်ထောင့်မှာ ရက္ခိုင်မျိုးနွယ်စုများဖြစ်သော ရက္ခိုင်၊ ခမီး၊ မြို ၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ ကမန်စသော မျိုးနွယ်စု ခုနှစ်မျိုးကို ကိုယ်စားပြုထားရေပိုင် ဓညဝတီ၊ မေဃဝတီ၊ ရမ္မာဝတီ၊ ဒွါရာဝတီ၊ ဇေယျဝတီ၊ သလ္လာဝတီ၊ မောရဝတီ ဟူသော ကုံလုံပြည့်စုံကြွယ်ဝသည့် ဝတီခုနှစ်ရပ်ကို ကိုယ်စားပြုပြီး စည်းလုံးညီညွတ်ခြင်းကို ဖော်ဆောင်သည်။ အနီရောင်သည် ရဲရင့်ပြတ်သားခြင်း၊ ရဲစွမ်းသတ္တိဟိခြင်းဟု အဓိပ္ပာယ်ရသည်။
ကြယ်နီ၏ တစ်ဖက်တစ်ချက်တွင် တစ်ဆယ့်သျှစ်ပွင့်စီပါဝင်သော ရွှီရောင်သဇင်ပန်းခက်နှစ်ခက်က ဘေးမှ ဝိုင်းရံထားသည်။ ရွှီရောင်သဇင်ပန်းခက်နှစ်ခက်မှာကား မြင့်မြတ်ခြင်း၊ တင့်တယ်ခြင်း၊ တော်ဝင်ခြင်း စသော ဂုဏ်ပုဒ်ရို့ဖြင့် ပြည့်စုံနီပြီး ရက္ခိုင်နိုင်ငံတော်၊ ဘုန်းမီးနီလထွန်းလင်းတောက်ပခသော ရွှီရောင်ခေတ်ကာလရို့ကို ရည်ညွန်းသည်။
ကြယ်နီ၏အထက်တွင် ဦးဂေါင်းအဖြူရောင်ဟိသောဒေါင်းရန် (ဝံလက်)ငှက်က ကြယ်နီကို တောင်ပံဖြန့်၍ ရင်ထဲနှလုံးအိမ်ထဲတွင် ပိုက်ထွီးအုပ်မိုး ကာကွယ်ထားသည်။ ဒေါင်းရန် (ဝံလက်) ငှက်သည် ရက္ခိုင်ပင်လယ်ပြင် နန့် မြင့်မားမတ်စောက်သော ကျောက်ဆောင်၊ ကျောက်တန်းရို့တွင် ရှင်သန်နီထိုင်ကျက်စားလေ့ဟိပြီး ရက္ခိုင်သမိုင်းအဆက်ဆက် တပ်မတော်အသီးသီး၏ အမှတ်အသား သင်္ကေတအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ အသုံးပြုခသောကြောင့် တပ်မတော်အမွီကိုဆက်ခံပြီး၊ ရက္ခိုင်ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ရို့ကို တောင်ပံဖြန့်၍ ကာကွယ်စောင့်ယှောက်ခြင်းဟူသော ဂုဏ်ပုဒ်ကို ကိုယ်စားပြုသည်။
အပြင်ဘက်စက်ဝန်း၏ အထက်ဘက်ခြမ်းတွင် “ ကျွန်ူပ်ရို့၏ အဖမြီကို ကာကွယ်စောင့်ယှောက်သူများ “ ဟုအဓိပ္ပာယ်ရသော အိန်းဂလိပ်ခ်ျစာတန်း “Defenders of Our Fatherland” ကိုဖော်ပြထားသည်။ စက်ဝန်း၏ အောက်ဘက်အခြမ်းတွင် “ရက္ခိုင့်တပ်မတော်” ကို “Arakan Army” ဟူသော အိန်းဂလိပ်ခ်ျစာတန်းဖြင့် ရီးထိုးထားသည်။ ယင်းစာတန်း နှစ်ခုကြားတွင် လေးထောင့်ကြယ်သည် ရက္ခိုင်လူမျိုးရို့၏ ဂုဏ်ယူဖွယ်ရာ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နန့် မြောက်ဦးဟူသော ရက္ခိုင်သမိုင်း၏ ကြီးကျယ်ခမ်းနားသော ခေတ်လေးခေတ်ကို ကိုယ်စားပြုသည်။
အနီရောင်အောက်ခံ အပြင်ဘက်စက်ဝန်းပေါ်မှ စာသားရို့မှာ အမျိုးသားလုံခြုံရီး နန့် နိုင်ငံတော် အချုပ်အခြာ အာဏာ ကာကွယ်ရီးတာဝန်ကို အပြည့်အဝထမ်းဆောင်ပြီး နိုင်ငံတော်နန့်လူမျိုးအပေါ် ကျရောက်လာနိုင်သော အတွင်းရန်သူ၊ အပြင်ရန်သူရို့ကို တော်လှန်တိုက်ခိုက်ရီးအတွက်စွန့်လွှတ်ပီးဆပ်နီကတ်သောရက္ခိုင့်တပ်မတော် နန့် ရက္ခိုင်စစ်သည်တော်ရို့ကို ကိုယ်စားပြုဖော်ပြထားခြင်းဖြစ်သည်။ ရက္ခိုင့်တပ်မတော်၏ အလံတော်နန့် ဘတ် တံဆိပ်ရို့သည် ရက္ခိုင်လူမျိုးရို့၏အတိတ်၊ပစ္စုပ္ပန်၊အနာဂတ် ဟူသော ကာလသုံးရပ်ကို ခြုံငြုံဆက်စပ်ထားသည်။
အနီရောင်အောက်ခံ အပြင်ဘက်စက်ဝန်းပေါ်မှ စာသားရို့မှာ အမျိုးသားလုံခြုံရီး နန့် နိုင်ငံတော် အချုပ်အခြာ အာဏာ ကာကွယ်ရီးတာဝန်ကို အပြည့်အဝထမ်းဆောင်ပြီး နိုင်ငံတော်နန့်လူမျိုးအပေါ် ကျရောက်လာနိုင်သော အတွင်းရန်သူ၊ အပြင်ရန်သူရို့ကို တော်လှန်တိုက်ခိုက်ရီးအတွက်စွန့်လွှတ်ပီးဆပ်နီကတ်သောရက္ခိုင့်တပ်မတော် နန့် ရက္ခိုင်စစ်သည်တော်ရို့ကို ကိုယ်စားပြုဖော်ပြထားခြင်းဖြစ်သည်။ ရက္ခိုင့်တပ်မတော်၏ အလံတော်နန့် ဘတ် တံဆိပ်ရို့သည် ရက္ခိုင်လူမျိုးရို့၏အတိတ်၊ပစ္စုပ္ပန်၊အနာဂတ် ဟူသော ကာလသုံးရပ်ကိုခြုံငြုံဆက်စပ်ထားသည်။

Copied From http://defendersofourfatherland.blogspot.com

No comments:

Post a Comment

ရက္ခိတသဇင်(ပီနန်)ရခိုင်လူငယ်အသင်း